
Semak The Impossible Heir
လောလောလတ်လတ် SINGLE ဘဝမှ ကျွတ်သွားတဲ့ အစ်ကိုကြီး LEE JAEWOOKနဲ့ BRAVE CITIZEN ထဲက လူဆိုးလေး LEE JUN-YOUNGတို့ရဲ့ကားလေး လာပါပြီနော် .. ငယ်စဥ်က ငွေကြေးချို့တဲ့စွာ ကြီးပြင်းလာရပြီး ဖခင်က နာမည်ကြီး ဂန်အိုလုပ်ငန်းစုရဲ့ ဥက္ကဌဆိုပေမဲ့လည်း မိသားစုတွေအကြား မျက်နှာသာ အပေးမခံရတဲ့ တရားမဝင်သား ဂန်အင်ဟာ... ဖခင်ဖြစ်သူက မိခင်ကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ လှောင်ပြောင် ဖယ်ကျဉ်ထားတာကို ခံခဲ့ရတဲ့ ဟန်ထယ်အို.... သူတို့က ခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာကြပြီးတော့... ဘဝမှာအောင်မြင်ချင်တဲ့ ထယ်အို ၊ ဂန်အိုလုပ်ငန်းစုကို အရလိုချင်တဲ့ အင်ဟာ သူတို့နှစ်ယောက်လုံးက မိမိတို့ရဲ့ရည်ရွယ်ချက်ကို အရယူဖို့အတွက်အတူကြိုးစားနေကြပေမဲ့ ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် ခက်ခဲစွာရုန်းကန်နေရတဲ့ နာဟယ်ဝန်ကြောင့် သူတို့ရဲ့ အစီအစဉ်တွေ ပျက်စီးလုနီးပါးဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုဆက်ပြီး ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း GOLD CHANNEL မှာ စောင့်ကြည့်ပေးကြပါဦးနော်...